Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 50 van 64
မြန်မာ10
အဝတ်လျှော်၍ အခြောက်ခံပြီးနောက် တံခါးမှန်နှင့် အဝတ်ထည့်စည်ပိုင်းသည် ပူနေပြီး အပူလောင်ခြင်းကို
ဖြစ်စေနိုင်သောကြောင့် ၎င်းတို့၏အတွင်းဘက်ကို မထိပါနှင့်။
သင့်လက်ကို ဆပ်ပြာမှုန့်ထည့် အံဆွဲထဲ မထည့်ပါနှင့်။
ဆပ်ပြာမှုန့် ထည့်စက်နှင့် သင့်လက်ညပ်မိနိုင်သဖြင့် ဒဏ်ရာရနိုင်သည်။
ဆပ်ပြာမှုန့်ကို အသုံးပြုသောအခါ ဆပ်ပြာရည်ခွက် (သက်ဆိုင်သော မော်ဒယ်များအတွက်သာ) ကိုဖယ်ရှားပါ။
သို့မဟုတ်ပါက ဆပ်ပြာမှုန့်ထည့်သည့်အံ အရှေ့ဘက်မှ ရေများ ယိုကျနိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်ထဲသို့ အဝတ်မှလွဲ၍ အခြားသောပစ္စည်းများ (ဖိနပ်များ၊ စားကြွင်းစားကျန်များ သို့မဟုတ် တိရစ္ဆာန်များ
စသဖြင့်) ကို မထည့်ပါနှင့်။
၎င်းသည် မူမမှန်သော တုန်ခါမှုများကြောင့် အဝတ်လျှော်ခြောက်စက်ကို ပျက်စီးစေခြင်း သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များ
ရောက်သွားပါက ထိခိုက်ဒဏ်ရာရ၍ သေဆုံးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
ခလုတ်များကို ပင်အပ်များ၊ ဓားများ၊ လက်သည်းအရှည်များကဲ့သို့သော ချွန်ထက်သောပစ္စည်းများ အသုံးပြု၍ မနှိပ်ပါနှင့်။
၎င်းက လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
အသားအရေထိန်းသိမ်းမှုပစ္စည်းရောင်းဆိုင်များ သို့မဟုတ် အနှိပ်ကုထုံးဆေးခန်းများတွင် တွေ့ရတတ်သည့် လိုးရှင်းများ
သို့မဟုတ် ခရင်မ်များ၊ ဆီများ ပေကျံနေသည့် အဝတ်များကို မလျှော်ပါနှင့် သို့မဟုတ် အခြောက်မခံပါနှင့်။
ယင်းသည် အလုံပိတ် ရော်ဘာကွင်းကို ပုံပျက်စေပြီး ရေစိမ့်ထွက်နိုင်ပါသည်။
အဝတ်ထည့်စည်ပိုင်းထဲတွင် ဆံညှပ်များ သို့မဟုတ် ဘေးကင်းလုံခြုံရေးပင်များကဲ့သို့ သော သတ္တုပစ္စည်းများကို
အချိန်ကြာမြင့်စွာ မထားခဲ့ပါနှင့်။
ယင်းက အဝတ်ထည့် စည်ပိုင်းကို သံချေးတက်စေနိုင်ပါသည်။
အဝတ်ထည့် စည်ပိုင်း၏ မျက်နှာပြင်ပေါ်တွင် သံချေးစတက်လာပါက (ဓာတ်ပြယ်စေသော) သန့်စင်ဆေးကို သုံးပြီး
ထိုမျက်နှာပြင်ပေါ်ကို ရေမြှုပ်ဖြင့် သန့်ရှင်းရေးလုပ်ပါ။ သတ္တုဘရပ်ရှ်ကို လုံးဝမသုံးပါနှင့်။
အခြောက်လျှော် သန့်စင်ပေးသည့် ဆပ်ပြာဆီကို တိုက်ရိုက်အသုံးမပြုပါနှင့်။ အခြောက်လျှော် သန့်စင်ပေးသည့် ဆပ်ပြာဆီ
သုတ်လိမ်းထားသော အဝတ်များကို မလျှော်ပါနှင့်၊ ရေမလျှော်ပါနှင့် (သို့မဟုတ်) မလှည့်ပါနှင့်။
ယင်းသည် အဆီနှင့် အောက်ဆီဂျင်တို့ ဓာတ်ပြုပြီး ထွက်လာသော အပူကြောင့် အလိုအလျောက် လောင်ကျွမ်းခြင်း
(သို့မဟုတ်) မီးလောင်ခြင်း ဖြစ်စေနိုင်ပါသည်။
ရေပူ/ရေအေးစက်များမှ ရေကို မသုံးပါနှင့်။
ယင်းသည် အဝတ်လျှော်ခြောက်စက်ကို ပျက်စီးစေနိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်အတွက် သဘာဝလက်ဆေးဆပ်ပြာကို အသုံးမပြုပါနှင့်။
အဝတ်လျှော်ခြောက်စက်အတွင်းထဲတွင် ၎င်းဆပ်ပြာများ ခဲပြီးစုပြုံနေပါက စက်နှင့်ပတ်သက်သည့် ပြဿနာများ၊
စွန်းထင်းခြင်း၊ သံချေးတက်ခြင်း သို့မဟုတ် အနံ့ဆိုးများ ထွက်ပေါ်လာခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
ခြေအိတ်များနှင့် ဘရာစီယာများကို အဝတ်လျှော် ပိုက်ကွန်အိတ်တစ်ခုထဲ ထည့်ပြီး အခြားအဝတ်များနှင့်အတူ လျှော်ပါ။
အဝတ်လျှော် ပိုက်ကွန်အိတ်ထဲတွင် အိပ်ရာခင်းကဲ့သို့ ကြီးမားသော အဝတ်များကို ထည့်၍မလျှော်ပါနှင့်။
ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက မူမမှန် တုန်ခါမှုများကြောင့် ထိခိုက်ဒဏ်ရာ ရနိုင်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 10 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB