Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 49 van 64
မြန်မာ 9
သင်ဝယ်ယူထားသည့် ကုန်ပစ္စည်းအား အိမ်တွင်းသုံးရန်သာ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
စီးပွားဖြစ် အသုံးပြုခြင်းက ထိုအဝတ်လျှော်စက်အား တလွဲအသုံးပြုရာ ရောက်ပါသည်။ ထိုအခြေအနေတွင် Samsung
မှပေးသည့် ပုံမှန်အာမခံအတွင်း အကျုံးဝင်မည် မဟုတ်ကာ ထိုသို့ဆောင်ရွက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့်
စက်ချို့ယွင်းမှုများ သို့မဟုတ် ထိခိုက်ပျက်စီးမှုများအတွက် Samsung အနေဖြင့် တာဝန်ယူမည်မဟုတ်ပါ။
အဝတ်လျှော်စက်ပေါ်တွင် မတ်တပ်မရပ်ပါနှင့် (သို့မဟုတ်) အဝတ်လျှော်စက်ပေါ်တွင် (လျှော်ရမည့်အဝတ်များ၊
မီးထွန်းထားသော ဖယောင်းတိုင်များ၊ မီးညှိထားသော စီးကရက်များ၊ ပန်းကန်များ၊ ဓာတုပစ္စည်းများ၊ သတ္တုပစ္စည်းများစသည့်)
အရာဝတ္ထုများကို မထားပါနှင့်။
၎င်းက လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ စက်အတွင်း ပြဿနာများ သို့မဟုတ် ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
ပိုးသတ်ဆေးကဲ့သို့ အငွေ့ပြန်လွယ်သော ပစ္စည်းကို အဝတ်လျှော်စက် မျက်နှာပြင်ပေါ် မဖျန်းပါနှင့်။
လူများကို အန္တရာယ်ဖြစ်စေရုံမျှမက ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း သို့မဟုတ် အဝတ်လျှော်စက်တွင် ပြဿနာများ
ဖြစ်ပေါ်ခြင်း ဖြစ်နိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်အနီးတွင် လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်လွှင့်သည့် အရာဝတ္ထုပစ္စည်းများ မထားပါနှင့်။
စက်ချွတ်ယွင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
အပူချိန်မြင့် အဝတ်လျှော်ချိန် သို့မဟုတ် အခြောက်ခံစက်ဝိုင်း ပူနေချိန်တွင် ရေယိုသည်။ ရေကို မထိပါနှင့်။
၎င်းက အပူလောင်ခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
ရေအပူချိန်ပေါ်မူတည်ပြီး ရေထုတ်ချိန်ကွာခြားနိုင်ပါသည်။ အကယ်၍ ရေအပူချိန်မြင့်လွန်းနေလျှင် ရေထုတ်ခြင်းလုပ်ငန်းစဉ်မှာ
ရေအေးသွားမှ စတင်သည်။
သင်အသုံးပြုသည့် အဝတ်လျှော်စက်မော်ဒယ်တွင် ရေစိုခံထိုင်ခုံခင်းများ၊ ဖျာများ သို့မဟုတ် အဝတ်များအတွက်
သီးသန့်စက်ဝန်း မပါရှိပါက ၎င်းတို့ကို ထည့်လျှော်ခြင်း၊ ညှစ်ခြင်း သို့မဟုတ် အခြောက်ခံခြင်းများ မပြုလုပ်ပါနှင့်။
(*) - သိုးမွေး အိပ်ရာခင်း၊ မိုးကာများ၊ ငါးဖမ်း ဝတ်စုံများ၊ စကီ ဘောင်းဘီများ၊ အိပ်ရာခင်းများ၊ ဒိုက်ပါ အစွပ်များ၊
ချွေးခံအင်္ကျီများ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့် ကားအစွပ်များ စသည်။
ဂရုပြုရမည့် အညွှန်းအလိုက် လမ်းညွှန်ချက်များတွင် အဝတ်လျှော်စက် အမှတ်အသား ပါနေစေကာမူ
ထူထဲသော (သို့မဟုတ်) တောင့်တင်းသော ဖျာများကို မလျှော်ပါနှင့်။ ၎င်းသည် မူမမှန်သော တုန်ခါမှုများကြောင့်
အဝတ်လျှော်ခြောက်စက်၊ နံရံများ၊ ကြမ်းပြင် သို့မဟုတ် အဝတ်များကို ပျက်စီးစေခြင်း သို့မဟုတ် ထိခိုက်စေခြင်းများ
ဖြစ်စေနိုင်ပါသည်။
ရော်ဘာနောက်ခံဖြင့် အလှကော်ဇောခင်းများ (သို့မဟုတ်) ခြေသုတ်ဖုံများကို မလျှော်ပါနှင့်။ ရော်ဘာနောက်ခံ ကွာကျပြီး
အဝတ်ထည့်စည်ပိုင်းထဲတွင် ကပ်ကျန်နေနိုင်သည့်အတွက် ရေထုတ်ရာတွင် ပြဿနာဖြစ်ခြင်းကဲ့သို့ ချွတ်ယွင်းမှု
ဖြစ်နိုင်ပါသည်။
ဆပ်ပြာမှုန့်ထည့်သည့်အံကို ဖယ်ထုတ်ထားသည့်အချိန်တွင် အဝတ်လျှော်ခြောက်စက်ကို အသုံးမပြုပါနှင့်။
ရေစိမ့်ထွက်မှုကြောင့် ဓာတ်လိုက်ခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာရခြင်း ဖြစ်နိုင်ပါသည်။
အခြောက်ခံနေချိန်တွင် (သို့မဟုတ်) အခြောက်ခံပြီးပြီးချင်း အချိန်တွင် ပူနေနိုင်သည့်အတွက်
အဝတ်ထည့်စည်ပိုင်းအတွင်းဘက်ကို မထိပါနှင့်။
၎င်းက အပူလောင်စေနိုင်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 9 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB