Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 48 van 64
မြန်မာ8
စက်ထဲသို့ ပစ္စည်းတစ်ခုခု ဝင်သွားပါက ပလတ်ခေါင်းကို ဖြုတ်ပြီး သင်နှင့် အနီးဆုံးရှိ Samsung သုံးစွဲသူဝန်ဆောင်မှုထံ
ဆက်သွယ်ပါ။
၎င်းက ဓာတ်လိုက်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်၏ အစိတ်အပိုင်းတစ်စုံတစ်ရာကို ကိုက်ဖြတ်ခြင်းသည် ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း
သို့မဟုတ် ထိခိုက်ဒဏ်ရာခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ၎င်းကို ကြိုတင်ကာကွယ်ရန် သင့်အိမ်မွေးတိရစ္ဆာန်များကို
စက်၏အဝေးတွင်ထားရှိပါ။
အသုံးပြုမှုဆိုင်ရာ သတိထားရန်များ
သတိ
အဝတ်လျှော်ခြောက်စက်သည် ဆပ်ပြာမှုန့်၊ အညစ်အကြေး၊ စားကြွင်းစားကျန်များကဲ့သို့သော ပြင်ပမှအရာများ
ပေကျံနေသောအခါတွင် ပါဝါကြိုးကို ပလတ်ဖြုတ်၍ အဝတ်လျှော်ခြောက်စက်ကို စိုစွတ်နူးညံ့သော အဝတ်စသုံးပြီး သန့်စင်ပါ။
ထိုသို့လုပ်ရန်ပျက်ကွက်ခြင်းသည် အရောင်ကျွတ်ခြင်း၊ ပုံပျက်ခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ သို့မဟုတ် သံချေးတက်ခြင်းကို
ဖြစ်စေမည်ဖြစ်ပါသည်။
ပြင်းထန်သောသက်ရောက်မှုကြောင့် မှန်အစိတ်အပိုင်းများ ကွဲနိုင်ပါသည်။ အဝတ်လျှော်ခြောက်စက်ကို အသုံးပြုချိန် ဂရုစိုက်ပါ။
မှန်ကွဲနေပါက ထိခိုက်ဒဏ်ရာ ရစေနိုင်ပါသည်။
အချိန်အတော်ကြာ အသုံးမပြုဘဲထားပြီးနောက်၊ ရေထည့်သွင်းမှုချို့ယွင်းချက်ဖြစ်ပြီးနောက်၊ သို့မဟုတ် ရေပိုက်ခေါင်းကို
ပြန်ချိတ်ဆက်သည့်အခါ ရေပိုက်ခေါင်းကို ဖြည်းဖြည်းချင်း ဖွင့်ပါ။
ရေထည့် ပိုက် သို့မဟုတ် ရေပိုက်ထဲရှိ လေဖိအားသည် စက်ပစ္စည်းအစိတ်အပိုင်းကို ထိခိုက်ပျက်စီးစေနိုင်ပါသည်
သို့မဟုတ် ရေ ယိုစိမ့်စေနိုင်ပါသည်။
စက်လည်ပတ်နေစဉ် ရေစွန့်ထုတ်ရာ၌ ချွတ်ယွင်းချက် ဖြစ်ပေါ်ပါက ရေစွန့်ထုတ်မှုအပိုင်းတွင် ပြဿနာ ရှိ၊ မရှိ စစ်ဆေးပါ။
အကယ်၍ အဝတ်လျှော်ခြောက်စက်ကို အသုံးပြုချိန် ရေစွန့်ထုတ်ခြင်းချို့ယွင်းချက်ကြောင့် ရေလျှံလာပါက ၎င်းသည်
ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
အဝတ်များ တံခါးကြားတွင် ညပ်မနေစေရန် အဝတ်လျှော်ခြောက်စက်ထဲသို့အဝတ်များကို သေချာဝင်အောင်ထည့်ပါ။
အကယ်၍ အဝတ်များ တံခါးထဲတွင်ညပ်နေပါက အဝတ်များ သို့မဟုတ် စက် ပျက်စီးခြင်း သို့မဟုတ် ရေယိုစိမ့်ခြင်းတို့
ဖြစ်ပေါ်စေနိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်ကို အသုံးမပြုသည့်အခါတွင် ရေထည့်ပိုက်ကို ပိတ်ထားပါ။
ရေထည့်ပေးသည့် ပိုက် ချိတ်ဆက်ကိရိယာပေါ်ရှိ ဝက်အူများကို သေသေချာချာ ကျပ်ထားကြောင်း သေချာပါစေ။
အလုံပိတ် ရော်ဘာကွင်းနှင့် အရှေ့ဘက်တံခါးမှန်တို့သည် ပြင်ပမှအရာများ (အညစ်အကြေးများ၊ အမျှင်များ၊ ဆံပင်များ
စသဖြင့်) မပေကျံနေကြောင်း သေချာပါစေ။
တံခါးထဲတွင် တစ်ခုခု ညပ်နေပါက (သို့မဟုတ်) တံခါးကို သေချာနေရာကျအောင် ပိတ်မထားပါက ရေစိမ့်ထွက်နိုင်ပါသည်။
အဝတ်လျှော်စက်ကို အသုံးမပြုမီ ရေပိုက်ခေါင်းကို ဖွင့်ပြီး ရေထည့်ပိုက်နှင့် ချိတ်ဆက်သည့်နေရာကို သေသေချာချာ ကျပ်ထား၊
မထားနှင့် ရေစိမ့်ထွက်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
ရေထည့်ပိုက် ချိတ်ဆက်သည့်နေရာတွင် ဝက်အူများ ချောင်နေပါက ရေစိမ့်ထွက်နိုင်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 8 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB