Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 47 van 64
မြန်မာ 7
အဝတ်လျှော်စက်လည်နေစဉ် တံခါးကို အတင်းမဖွင့်ပါနှင့်။
အဝတ်လျှော်ခြောက်စက်မှ ထွက်လာသည့်ရေများသည် မီးလောင်ခြင်း သို့မဟုတ် ကြမ်းပြင်ချော်နေခြင်းကို
ဖြစ်စေနိုင်ပါသည်။ ယင်းက ဒဏ်ရာရစေနိုင်သည်။
အဝတ်လျှော်စက် တံခါးကို အတင်းဖွင့်ခြင်းသည် အဝတ်လျှော်စက်ကိုဖြစ်စေ၊ လူကိုဖြစ်စေ ထိခိုက်ဒဏ်ရာရစေနိုင်သည်။
စက်ပေါ်တွင် မထိုင်ပါနှင့် သို့မဟုတ် တံခါးများကို မမှီပါနှင့်။
စက်ပြုတ်ကျလာပါက ပြင်းထန်သောထိခိုက်ဒဏ်ရာ ရစေနိုင်ပါသည်။
သင့်လျော်သောအဝတ်လျှော်စက်ဖြင့် ညှစ်ပြီးနောက်မှသာ အဝတ်အထည်များကို အခြောက်ခံပါ။
ဓာတ်ဆီ၊ ရေနံဆီ၊ ဘန်ဇင်း၊ သင်နာ၊ အရက်ပျံ၊ စသည်တို့ကဲ့သို့သော မီးလောင်လွယ်သည့်အရာများဖြင့်
ညစ်ထေးနေသည့်အထည်များကို အခြောက်မခံပါနှင့်။
၎င်းက လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း၊ မီးလောင်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်း ဖြစ်စေနိုင်ပါသည်။
ပါဝါမီးပလတ်ကို စိုနေသော လက်ဖြင့် မထိပါနှင့်။
၎င်းက ဓာတ်လိုက်စေတတ်ပါသည်။
အဝတ်လျှော်စက် လည်နေစဉ် ပလတ်ဆွဲဖြုတ်ပြီး စက်ကို မပိတ်ပါနှင့်။
ပလတ်ပေါက်ထဲသို့ ပလတ်ခေါင်းကို ပြန်ထိုးခြင်းသည် မီးပွားဖြစ်ပေါ်လာစေပြီး ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်း
ဖြစ်စေနိုင်ပါသည်။
စက်ပစ္စည်းထဲ (သို့မဟုတ်) အပေါ်သို့ ကလေးငယ်များကို မတက်ခိုင်းပါနှင့်။
၎င်းက ဓာတ်လိုက်ခြင်း၊ အပူလောင်ခြင်းများ (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
စက်လည်နေစဉ် အဝတ်လျှော်ခြောက်စက်၏ အောက်သို့ သင့်လက် သို့မဟုတ် သတ္တုပစ္စည်းတစ်ခုခု မထည့်ပါနှင့်။
ယင်းက ဒဏ်ရာရစေနိုင်သည်။
ပါဝါကြိုးကို ဆွဲပြီး စက်ပစ္စည်းကို ပလတ်မဖြုတ်ပါနှင့်။ ပလတ်ခေါင်းကို အမြဲသေချာဆုပ်ကိုင်ပြီး ပလတ်ပေါက်ထဲမှ ဆွဲဖြုတ်ပါ။
ပါဝါကြိုး ထိခိုက်ပျက်စီးသွားလျှင် လျှပ်စီးပတ်လမ်း ပြတ်တောက်ခြင်း၊ မီးလောင်ခြင်း နှင့်/သို့မဟုတ် ဓာတ်လိုက်ခြင်း
ဖြစ်စေနိုင်သည်။
စက်ကို သင့်ဘာသာ ပြင်ဆင်ခြင်း၊ တစ်စစီဖြုတ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းတို့ မလုပ်ပါနှင့်။
ပုံမှန်ဖျူးစ်မှလွဲ၍ (ကြေးနီ၊ စတီးဝါယာစသည့်) ဖျူးစ်ကို အသုံးမပြုရပါ။
အဝတ်လျှော်စက်ကို ပြုပြင်ဖို့ (သို့မဟုတ်) ပြန်လည်တပ်ဆင်ဖို့ လိုအပ်သောအခါ သင်နှင့်အနီးဆုံး ဝန်ဆောင်မှုစင်တာကို
ဆက်သွယ်ပါ။
ထိုသို့ဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းက လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ စက်အတွင်းပြဿနာများ သို့မဟုတ်
ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
ရေထည့် ပိုက်သည် ရေပိုက်ခေါင်းမှ ပြုတ်တော့မည်ဆဲဆဲဖြစ်နေပြီး စက်ထဲတွင် ရေလျှံနေပါက ပလတ်ခေါင်းကို ဖြုတ်ပါ။
ထိုသို့မလုပ်ဆောင်ပါက ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်းဖြစ်စေနိုင်သည်။
အချိန်ကြာမြင့်စွာ သို့မဟုတ် မိုးခြိမ်းသည့်အချိန်အတွင်း သို့မဟုတ် လျှပ်စီးလက်မုန်တိုင်းထန်သည့်အချိန်အတွင်း
အဝတ်လျှော်စက်ကို အသုံးမပြုဘဲထားပါက ပါဝါမီးပလတ်ကို ဖြုတ်ပါ။
ထိုသို့မလုပ်ဆောင်ပါက ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်းဖြစ်စေနိုင်သည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 7 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB