Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 46 van 64
မြန်မာ6
ထုတ်ကုန်ကို ခွင့်ပြုချက်မရှိသော ဝန်ဆောင်မှုပေးသူမှပြုပြင်ခြင်း၊ ကိုယ်တိုင်ပြုပြင်ခြင်း သို့မဟုတ်
ကျွမ်းကျင်မဟုတ်သူမှပြုပြင်ခြင်းများအတွက် Samsung မှ ထို ပြုပြင်မှုနှင့် ပြင်ဆင်ထိန်းသိမ်းမှု ညွှန်ကြားချက်များကို
ဂရုတစိုက်လိုက်နာခြင်းမရှိဘဲ ထုတ်ကုန်ကို ပြုပြင်ရန် ကြိုးစားမှုများကြောင့် ဖြစ်ပေါ်သည့် ထုတ်ကုန်ပျက်စီးမှုများ၊
ထိခိုက်ဒဏ်ရာရမှုများ သို့မဟုတ် အခြားသော ထုတ်ကုန်ဘေးကင်းရေးပြဿနာများအတွက် တာဝန်ယူမည်မဟုတ်ပါ။
Samsung အသိအမှတ်ပြု ဝန်ဆောင်မှုပေးသူမဟုတ်သော အခြားသူများမှ ထုတ်ကုန်ကို ပြုပြင်ရန်ကြိုးစားမှုကြောင့်
ဖြစ်ပွားသည့် ထုတ်ကုန်ပျက်စီးမှုများသည် အာမခံနှင့် အကျုံးဝင်လိမ့်မည်မဟုတ်ပါ။
တပ်ဆင်မှု သတိပေးချက်များ
သတိ
သင့်စက်အလေးချိန်ကို ထိန်းထားနိုင်သည့် ခိုင်မာတောင့်တင်းသော ကြမ်းပြင်ပေါ်တွင် အဝတ်လျှော်စက်ကို တပ်ဆင်ပါ။
ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက စက်တွင် ပုံမှန်မဟုတ်သော တုန်ခါမှုများ၊ လှုပ်ရှားမှု၊ ဆူညံသံထွက်ပေါ်မှု သို့မဟုတ်
ပြဿနာတစ်ခုခု ဖြစ်ပေါ်စေနိုင်ပါသည်။
အလွန်အရေးကြီးသော အသုံးပြုမှုဆိုင်ရာ သတိပေးချက်များ
သတိပေးချက်
အကယ်၍ စက်ရေလျှံလာပါက ရေပိုက်နှင့် ပါဝါပေးပို့ ထောက်ပံ့သည့်နေရာများကို ချက်ချင်းပိတ်၍ သင်နှင့်အနီးဆုံးရှိ
ဝန်ဆောင်မှုစင်တာကို ဆက်သွယ်ပါ။
ပါဝါမီးပလတ်ကို စိုနေသော လက်ဖြင့် မထိပါနှင့်။
ထိုသို့ဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းက ဓာတ်လိုက်ခြင်း ဖြစ်နိုင်ပါသည်။
အကယ်၍ စက်သည် ထူးဆန်းသော ဆူညံသံ၊ လောင်ကျွမ်းနေသောအနံ့ သို့မဟုတ် မီးခိုးငွေ့ များ ထွက်လာပါက
ပါဝါမီးပလတ်ကို ချက်ချင်းဖြုတ်၍ သင်နှင့်အနီးဆုံးရှိ ဝန်ဆောင်မှုစင်တာကို ဆက်သွယ်ပါ။
ထိုသို့မလုပ်ဆောင်ပါက ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်းဖြစ်စေနိုင်သည်။
(ပရိုပိန်းဂတ်စ်၊ LP ဂတ်စ်စသဖြင့်) ဂတ်စ်ယိုစိမ့်ထွက်သည့်အခြေအနေတွင် ပါဝါမီးပလတ်ကို မထိဘဲ ချက်ချင်း
လေဝင်လေထွက်ကောင်းအောင်လုပ်ပါ။ စက် သို့မဟုတ် ပါဝါကြိုးကို မထိပါနှင့်။
လေဝင်လေထွက် ပန်ကာကို အသုံးမပြုပါနှင့်။
မီးပွားတစ်ခုမှအစပြုပြီး ပေါက်ကွဲမှု (သို့မဟုတ်) မီးလောင်မှုကို ဖြစ်စေနိုင်ပါသည်။
စက်ကို စွန့်ပစ်ခြင်းမပြုမီ တံခါးများအားလုံး၏ လီဗာများကို ဖယ်လိုက်ပါ။
အဆိုပါအဝတ်လျှော်စက်အတွင်း ပိတ်မိနေပါက ကလေးများအနေဖြင့် အသက်ရှူကြပ်ကာ သေဆုံးနိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်ကို အသုံးမပြုမီ ၄င်း၏အောက်ဘက်ပိုင်းတွင် ပူးတွဲပါလာသည့် ဘူးခွံ (ရေမြှုပ်၊ ပလပ်စတစ်ဖော့ဖြူ)
ကို ဖြုတ်ထားကြောင်း သေချာပါစေ။
ဓာတ်ဆီ၊ ရေနံဆီ၊ ဗင်ဇင်း၊ အိမ်သုတ်ဆေး အရောင်ကျဲဆေး၊ အရက်ပြန် (သို့မဟုတ်) အခြားသော
မီးလောင်လွယ်သည့်ပစ္စည်းများ (သို့မဟုတ်) ပေါက်ကွဲတတ်သည့်ပစ္စည်းများ ပေကျံနေသည့် အဝတ်အစားများကို
မလျှော်ဖွပ်ရပါ။
၎င်းသည် ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်းများကို ဖြစ်စေနိုင်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 6 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB