Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 45 van 64
မြန်မာ 5
စက်ပစ္စည်း၊ ပါဝါပလတ် သို့မဟုတ် ပါဝါပလတ်ကြိုး ပျက်စီးသွားပါက သင့်အနီးဆုံးတွင်ရှိသည့် ဝန်ဆောင်မှုစင်တာကို
ဆက်သွယ်ပါ။
ဤအဝတ်လျှော်စက်ကို သေချာစွာ နေရာချထားရပါမည်။
အဝတ်လျှော်စက်ကို ဂတ်စ်ပိုက်၊ ပလတ်စတစ် ရေပိုက် (သို့မဟုတ်) တယ်လီဖုန်းလိုင်းအနီးတွင် နေရာမချပါနှင့်။
ထိုသို့လုပ်ပါက ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း သို့မဟုတ် စက်အတွင်း ပြဿနာများ ဖြစ်စေနိုင်ပါသည်။
မှန်မှန်ကန်ကန် နေရာမချထားသော လျှပ်စစ်မီးကြိုးကို ပလတ်ပေါက်အတွင်း ဘယ်တော့မှ ပလတ်မထိုးပါနှင့်။
ဒေသတွင်းနှင့် နိုင်ငံတွင်း ပြဋ္ဌာန်းစည်းမျဉ်းများနှင့်အညီ လိုက်နာကြောင်း သေချာပါစေ။
ဤစက်ကို အပူပေးစက် (သို့မဟုတ်) မီးလောင်လွယ်သော ပစ္စည်းတစ်ခုခုအနီးတွင် မတပ်ဆင်ပါနှင့်။
ဤစက်ကို စိုစွတ်သော၊ ဆီပေကျံနေသော သို့မဟုတ် ဖုန်ထူထပ်သော သို့မဟုတ် နေရောင်နှင့်တိုက်ရိုက်ထိတွေ့သော
သို့မဟုတ် ရေ (မိုးရေစက်များ) ကျသောနေရာတွင် မတပ်ဆင်ပါနှင့်။
ဤစက်ကို အပူချိန်နိမ့်သော နေရာတွင် မတပ်ဆင်ပါနှင့်။
နှင်းရိုက်ခြင်းက ပိုက်များကို ပေါက်ကွဲစေနိုင်ပါသည်။
ဤစက်ကို ဂတ်စ်ယိုစိမ့်နိုင်သော နေရာတွင် မတပ်ဆင်ပါနှင့်။
၎င်းက ဓာတ်လိုက်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
စက်အား ပြင်ပအရာများနှင့် ထိတွေ့နိုင်သောနေရာတွင် မတပ်ဆင်ပါနှင့် သို့မဟုတ် မထားရှိပါနှင့်။
လျှပ်စစ်ထရန်စဖော်မာကို အသုံးမပြုပါနှင့်။
၎င်းက ဓာတ်လိုက်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ပျက်စီးနေသော ပါဝါမီးပလတ်၊ ပျက်စီးနေသော ပါဝါမီးကြိုး သို့မဟုတ် လျော့ရဲရဲဖြစ်နေသော အိမ်နံရံ ပလတ်ပေါက်ကို
အသုံးမပြုပါနှင့်။
၎င်းက ဓာတ်လိုက်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ပါဝါမီးကြိုးကို မဆွဲဆန့်ပါနှင့် (သို့မဟုတ်) အလွန်အကျွံ မကွေးပါနှင့်။
ပါဝါမီးကြိုးကို မလိမ်ပါနှင့် (သို့မဟုတ်) မချည်ပါနှင့်။
ပါဝါမီးကြိုးကို သတ္တုပစ္စည်းတစ်ခုအပေါ် မချိတ်ထားပါနှင့်၊ ပါဝါမီးကြိုးအပေါ် လေးလံသော အရာဝတ္ထုကို မတင်ပါနှင့်၊
အရာဝတ္ထုများအကြား ပါဝါမီးကြိုးကို မထားပါနှင့် (သို့မဟုတ်) အဝတ်လျှော်စက်အနောက်ဘက် နေရာလပ်အတွင်း
ပါဝါမီးကြိုးကို အတင်းထိုးထည့်ခြင်း မလုပ်ပါနှင့်။
၎င်းက ဓာတ်လိုက်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ပါဝါကြိုးကို ဆွဲပြီး စက်ပစ္စည်းကို ပလတ်မဖြုတ်ပါနှင့်။
ပလတ်ခေါင်းကိုကိုင်ပြီး ဆွဲဖြုတ်ပါ။
ထိုသို့မလုပ်ဆောင်ပါက ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်းဖြစ်စေနိုင်သည်။
ပါဝါမီးပလတ်၊ ရေပိုက်ခေါင်းများနှင့် ရေဆိုးထုတ်ပိုက်များကို အလွယ်တကူ လက်လှမ်းမီနိုင်သည့်အနေအထားတွင်
ဤအဝတ်လျှော်စက်ကို နေရာချထားသင့်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 5 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB