Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 44 van 64
မြန်မာ4
21. သတိပေးချက်- ထိုစက်ပစ္စည်းအား အချိန်မှတ်စက်ကဲ့သို့သော အပြင်ခလုတ်ကိရိယာမှတစ်ဆင့်ဖြစ်စေ၊
အိမ်သုံးလျှပ်စစ်ပစ္စည်းဖြင့် ပုံမှန်အဖွင့်အပိတ်လုပ်နိုင်သော လျှပ်စီးပတ်လမ်းနှင့် ချိတ်ဆက်ပြီးဖြစ်စေ လျှပ်စီးမပေးရပါ။
22. စက်ပစ္စည်းများမှ ဓာတ်ငွေ့ သို့မဟုတ် အခြားလောင်စာများ လောင်ကျွမ်းခြင်းမှ ထွက်ရှိလာသည့် အခိုးအငွေ့များအတွက်
အသုံးပြုသည့် အခိုးထုတ်ပိုက်အတွင်းသို့ ဓာတ်ငွေ့အဟောင်းများကို မထုတ်လွှတ်ရပါ။
23. လော့ခ်ချနိုင်သော တံခါး၊ ဆလိုက်တံခါး သို့မဟုတ် လေပူမှုတ်အခြောက်ခံစက် တံခါးကို အပြည့်အဝ
မဖွင့်နိုင်စေသည့်နည်းဖြင့် ယင်းအခြောက်ခံစက်နှင့် မျက်နှာချင်းဆိုင်တွင် ပတ္တာတပ်ထားသော တံခါးနောက်တွင် စက်ကို
မတပ်ဆင်ရပါ။
အလွန်အရေးကြီးသော တပ်ဆင်ခြင်းဆိုင်ရာသတိပေးချက်များ
သတိပေးချက်
ဤအဝတ်လျှော်စက် တပ်ဆင်မှုကို အရည်အချင်းပြည့်မီသော တတ်ကျွမ်းသူ (သို့မဟုတ်) ဝန်ဆောင်မှု ကုမ္ပဏီက
ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းက ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ စက်အတွင်း ပြဿနာများ သို့မဟုတ်
ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။
အဝတ်လျှော်စက်သည် ကြီးမားလေးလံသောကြောင့် ၎င်းကို မ-ယူသောအခါ ဂရုစိုက်ပါ။
ဒေသတွင်းလျှပ်စစ်ပိုင်းဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်နံရံ ပလတ်ပေါက်အတွင်း
လျှပ်စစ်မီးကြိုးကို ပလတ်ထိုးပါ။ ဤစက်အတွက်သီးသန့် ပလတ်ပေါက်ကိုသာ သုံးပါ၊ အိတ်စတန်းရှင်းကြိုးကို မသုံးပါနှင့်။
လျှပ်စစ်ကြိုးခွေပလတ်ပေါက်ကို အသုံးပြုပြီး အခြားစက်ပစ္စည်းများနှင့်အတူ အိမ်နံရံပလတ်ပေါက်တစ်ခုကို
မျှဝေသုံးစွဲခြင်း (သို့မဟုတ်) လျှပ်စစ်မီးကြိုး ဆက်ပြီးအသုံးပြုခြင်းက လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို
ဖြစ်စေနိုင်ပါသည်။
ပါဝါဗို့အား၊ ကြိမ်နှုန်းနှင့် လျှပ်စီးအချက်အလက်များမှာ အဆိုပါစက်ပစ္စည်းထုတ်ကုန် အသေးစိတ်ဖော်ပြချက်များ၏
အချက်အလက်များနှင့် အတူတူပင်ဖြစ်ကြောင်း သေချာပါစေ။ ထိုသို့မလုပ်ဆောင်ပါက ဓာတ်လိုက်ခြင်း သို့မဟုတ်
မီးလောင်ခြင်းဖြစ်စေနိုင်သည်။
လျှပ်စစ်မီးကြိုးထိပ်ခေါင်းမှ ဖုန် (သို့မဟုတ်) ရေကဲ့သို့သော ပြင်ပပစ္စည်းများအားလုံးကို ဖယ်ရှားပြီး အဝတ်ခြောက်ကို
အသုံးပြုပြီး လျှပ်စီးသောပွိုင့်များကို ကိုင်တွယ်ပါ။
ပါဝါပလတ်ကို ပလတ်ဖြုတ်ပြီး အဝတ်ခြောက်နှင့် သန့်ရှင်းစေပါ။
ထိုသို့မလုပ်ဆောင်ပါက ဓာတ်လိုက်ခြင်း သို့မဟုတ် မီးလောင်ခြင်းဖြစ်စေနိုင်သည်။
ပါဝါပလတ်ကြိုးကို အိမ်နံရံ ပလတ်ပေါက်အတွင်း ပလတ်ထိုးပါ။ သို့မှသာ မီးကြိုးသည် ကြမ်းပြင်ပေါ်တွင်
တွဲလောင်းကျနေမည်ဖြစ်သည်။
သင့်အနေဖြင့် ပါဝါပလတ်ကြိုးကို ပလတ်ပေါက်အတွင်း ပြောင်းပြန် ပလတ်ထိုးမိပါက ကေဘယ်ကြိုးအတွင်းရှိ
လျှပ်စစ်ဝါယာကြိုးများမှာ ထိခိုက်ပျက်စီးနိုင်ပြီး ၎င်းက ဓာတ်လိုက်ခြင်း (သို့မဟုတ်) မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ထုပ်ပိုးသည့် ပစ္စည်းအားလုံးသည် အန္တရာယ်ရှိနိုင်သောကြောင့် ၎င်းတို့ကို ကလေးငယ်များ လက်လှမ်းမမီနိုင်သော နေရာတွင်
ထားပါ။
ကလေးက အိတ်ကို ခေါင်းတွင် စွပ်လိုက်မိလျှင် အသက်ရှူကျပ်နိုင်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 4 2024-06-25  2:33:09

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB