Samsung WD25DB8995 handleiding
Handleiding
Je bekijkt pagina 43 van 64

မြန်မာ 3
7. ဤအဝတ်လျှော်စက်ကို အိမ်သုံးအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားပြီး အောက်ပါတို့အတွက် အသုံးပြုရန် မဟုတ်ပါ -
- ဆိုင်များ၊ ရုံးများနှင့် အခြားလုပ်ငန်းခွင်နေရာများရှိ လူအများသုံး မီးဖိုချောင်နေရာများ၊
- မွေးမြူရေးခြံများ၊
- ဟိုတယ်များ၊ မိုတယ်များနှင့် အခြားနေထိုင်ရာ ပတ်ဝန်းကျင်အမျိုးအစားအတွင်းရှိ တည်းခိုနေထိုင်သူများ၊
- ညအိပ်၊ မနက်စာစီစဉ်ပေးသည့် တည်းစရာနေရာများ၊
- တိုက်တန်းလျားအတွင်း (သို့မဟုတ်) ပင်မင်းဆိုင်များအတွင်း အများသုံးနေရာများ။
8. အောက်ခြေတွင် လေဝင်လေထွက် အပေါက်များပါရှိသည့် စက်ပစ္စည်းများအတွက်၊ အပေါက်ဝများကို ကော်ဇောဖြင့်
ပိတ်ဆို့ထားခြင်းမရှိရပါ။
9. ဥရောပအတွင်း အသုံးပြုမှုအတွက်- 3 နှစ်အောက်ငယ်သော ကလေးငယ်များကို စဉ်ဆက်မပြတ် ကြီးကြပ်မနေပါက
စက်နှင့် ဝေးရာတွင် ထားသင့်ပါသည်။
မှတ်ချက်
နံပါတ် 10 မှနေ၍ စာရင်းအဆုံးထိသည် အခြောက်ခံလုပ်ဆောင်ချက်ပါသည့် မော်ဒယ်များနှင့်သာ သက်ဆိုင်သည်။
10. ဆေးကြောရန်အတွက် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများကို အသုံးပြုထားပါက လေပူမှုတ်အခြောက်ခံစက်ကို
အသုံးမပြုရပါ။
11. ချည်စချည်န ဆယ်သည့်ကိရိယာ ပါရှိပါက မကြာခဏ ဆေးကြောရမည်ဖြစ်သည်။
12. လေပူမှုတ်အခြောက်ခံစက် အနီးတဝိုက်တွင် ချည်စချည်နများ မရှိစေရပါ။ (အဆောက်အအပြင်ဘက်သို့
လေဝင်လေထွက်ပေါက်ထုတ်ရန် ရည်ရွယ်ထားသည့် စက်ပစ္စည်းများအတွက် အကျုံးမဝင်ပါ)
13. အခြားလောင်စာများ လောင်ကျွမ်းစေသည့် စက်ပစ္စည်းများမှ မီးလောင်ကျွမ်းခြင်းအပါအဝင် ဓာတ်ငွေ့များ အခန်းထဲသို့
နောက်ပြန်စီးဆင်းမှုမဖြစ်စေရန် လေဝင်လေထွက်ကောင်းအောင် လုပ်ပေးရပါမည်။
14. မလျှော်ဖွပ်ရသေးသည့် အဝတ်များကို လေပူမှုတ်အခြောက်ခံစက်ထဲတွင် အခြောက်မခံပါနှင့်။
15. ဟင်းချက်ဆီ၊ အက်ဆီတုန်း၊ အရက်၊ ဓာတ်ဆီ၊ ရေနံဆီ၊ အစက်အပြောက်ချွတ်ဆေးများ၊ တာပင်တိုင်၊
ဖယောင်းနှင့် ဖယောင်းချွတ်ဆေးများ စသည့် အရာဝတ္ထုများဖြင့် ညစ်ပေစွန်းထင်းနေသည့် အထည်များအား
လေပူမှုတ်အခြောက်ခံစက်ထဲတွင် အခြောက်မခံမီ ရေပူထဲတွင် ဆပ်ပြာပမာဏပိုများများဖြင့် လျှော်ဖွပ်သင့်သည်။
16. ရာဘာရေမြှုပ် (ရာဘာစေးရေမြှုပ်)၊ ရေချိုးခန်းသုံးဦးထုပ်များ၊ ရေလုံ အထည်များ၊ ရာဘာနောက်ခံပါသည့်ပစ္စည်း
များနှင့် အဝတ်များ သို့မဟုတ် ရာဘာရေမြှုပ်အပြားပါရှိသည့် ခေါင်းအုံးများကို လေပူမှုတ်အခြောက်ခံစက်ထဲတွင်
အခြောက်မခံသင့်ပါ။
17. အဝတ်အထည် နူးညံ့ပျော့ပျောင်းစေသည့် ပစ္စည်းများ၊ သို့မဟုတ် အလားတူ ကုန်ပစ္စည်းများကို အဝတ်အထည်
နူးညံ့ပျော့ပျောင်းစေသည့် ပစ္စည်း လမ်းညွှန်ချက်များမှ သတ်မှတ်ထားသည့်အတိုင်း သုံးစွဲသင့်သည်။
18. အထည်များပျက်စီးမှုမရှိစေမည့် အပူချိန်တွင် ၄င်းတို့အား ထားရှိစေရန်အတွက် လေပူမှုတ်အခြောက်ခံစက် စက်ဝန်း၏
နောက်ဆုံးအပိုင်းသည် အပူမပါပဲ (အအေးခံစက်ဝန်း) ဖြစ်ပွားသည်။
19. မီးခြစ်များနှင့် မီးခြစ်ဆံများစသည့် အရာဝတ္ထုအားလုံးကို အိပ်ကပ်များထဲမှ ဖယ်ရှားပါ။
20. သတိပေးချက်- အပူပျံ့နှံ့ပျောက်ကွယ်သွားစေရန်အလို့ငှာ အဝတ်များ အမြန်ဖယ်ရှား
ဖြန့်ကျက်ခြင်းမလုပ်ရသေးပါက၊ လေပူမှုတ်အခြောက်ခံစက်ကို အခြောက်ခံစက်ဝန်းမပြီးဆုံးမီ မည်သည့်အခါမျှ
ရပ်တန့်ခြင်းမပြုပါနှင့်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 3 2024-06-25 2:33:09
Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.
Productinformatie
Merk | Samsung |
Model | WD25DB8995 |
Categorie | Wasmachine |
Taal | Nederlands |
Grootte | 5829 MB |