Samsung WD25DB8995 handleiding
Handleiding
Je bekijkt pagina 42 van 64

မြန်မာ2
လမ်းညွှန်ချက်များကို ဖတ်ရှုပါ
ဤလက်စွဲစာအုပ်ကို ဖတ်ပြီးနောက် နောင်တွင် ပြန်ကြည့်နိုင်ရန်အတွက် ၎င်းကို လုံခြုံသောနေရာတွင် ထားပါ။
ဤစက်ကို အသုံးမပြုမီ လမ်းညွှန်ချက်အားလုံးကို ဖတ်ရှုပါ။
မှတ်ချက်
ကိုယ်တိုင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပစ္စည်းထိခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြသည်။
ဤသတိပေးချက် သင်္ကေတများသည် သင့်ကိုယ်သင်နှင့် အခြားသူများအား မထိခိုက်စေရန်အတွက်ဖြစ်သည်။
ကျေးဇူးပြု၍ ထိုအချက်များကို တိတိကျကျ လိုက်နာပါ။
လျှပ်စစ်နှင့် ရွေ့လျားနိုင်သော အစိတ်အပိုင်းများ အသုံးပြုထားသည့် စက်ကိရိယာတိုင်းတွင် ဘေးရန်ဖြစ်နိုင်ခြေ
ရှိပါသည်။ ဤစက်ကို ဘေးကင်းလုံခြုံစွာ အသုံးပြုရန် စက်လည်ပတ်မှု အသုံးပြုပုံနှင့် အကျွမ်းတဝင်ဖြစ်အောင် လုပ်ယူပြီး
အသုံးပြုသောအခါ ဂရုပြုပါ။
အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ
သင့်စက်ကို သုံးနေစဉ် မီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်း သို့မဟုတ် လူထိခိုက်ဒဏ်ရာရခြင်းကို လျော့နည်းစေရန်
အောက်ပါတို့အပါအဝင် အခြေခံ သတိပေးချက်များကို လိုက်နာပါ-
1. (ကလေးငယ်များအပါအဝင်) ကိုယ်အင်္ဂါ၊ အာရုံခံစွမ်းရည် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စွမ်းရည် နည်းပါးသည့်သူများ
သို့မဟုတ် သုံးစွဲမှု အတွေ့အကြုံနှင့် အသိအမြင် မရှိသည့်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသောသူတစ်ဦးမှ
အဆိုပါအဝတ်လျှော်စက် အသုံးပြုမှုနှင့် စပ်လျဉ်း၍ ကြီးကြပ်မှု သို့မဟုတ် လမ်းညွှန်မှု မပေးထားပါက
ဤအဝတ်လျှော်စက်ကို ၎င်းတို့ အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည် မဟုတ်ပါ။
2. ဥရောပအတွင်း အသုံးပြုမှုအတွက်- ဤအဝတ်လျှော်စက်ကို အသက် 8 နှစ်နှင့်အထက် ကလေးများ၊ ကိုယ်အင်္ဂါ၊
အာရုံခံစွမ်းရည် (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ စွမ်းရည် နည်းပါးသည့်သူများ (သို့မဟုတ်) သုံးစွဲမှု အတွေ့အကြုံနှင့်
အသိအမြင် မရှိသည့်သူများကို အဆိုပါအဝတ်လျှော်စက်အား ဘေးကင်းလုံခြုံစွာ အသုံးပြုရေးနှင့် စပ်လျဉ်း၍ ကြီးကြပ်မှု
(သို့မဟုတ်) လမ်းညွှန်မှု ပေးထားပါက၊ ပါဝင်သော ဘေးရန်များကို နားလည်သဘောပေါက်ပါက ဤအဝတ်လျှော်စက်ကို
အသုံးပြုနိုင်ပါသည်။ ကလေးများအနေဖြင့် စက်နှင့် ဆော့ကစားခြင်းမပြုရပါ။ ကြီးကြပ်မှုမရှိဘဲ ကလေးငယ်များအနေဖြင့်
စက်သန့်ရှင်းရေးနှင့် အသုံးပြုသူဘက်မှ ထိန်းသိမ်းပြုပြင်ရေးကို မဆောင်ရွက်ရပါ။
3. ကလေးများကို စက်နှင့် မကစားအောင် ကြီးကြပ်သင့်သည်။
4. လျှပ်စစ်မီးကြိုး ပျက်စီးနေပါက ဘေးရန်ကို ရှောင်ကြဉ်နိုင်ရန်အလို့ငှာ ကုန်ထုတ်လုပ်သူ၊ ၎င်းစက်အတွက်
ဝန်ဆောင်မှုပေးသူ သို့မဟုတ် အလားတူ ကျွမ်းကျင်ပိုင်နိုင်သူများမှ လဲလှယ်ပေးရပါမည်။
5. သတိ- အပူမြင့်တက်ချိန် မီးအားဖြတ်စက်က မတော်တဆ လျှပ်စစ်အားကို ပြန်ချိန်ညှိခြင်းကြောင့်
ဖြစ်ပေါ်လာမည့် ဘေးရန်ကို ရှောင်ရှားရန်အလို့ငှာ အချိန်မှတ်စက်ကဲ့သို့သော အပြင်ခလုတ်ကိရိယာမှတစ်ဆင့်ဖြစ်စေ၊
အိမ်သုံးလျှပ်စစ်ပစ္စည်းဖြင့် ပုံမှန်အဖွင့်အပိတ်လုပ်နိုင်သော လျှပ်စီးပတ်လမ်းနှင့် ချိတ်ဆက်ပြီးဖြစ်စေ လျှပ်စီးမပေးရပါ။
6. အဆိုပါအဝတ်လျှော်စက်နှင့်အတူ ပေးထားသည့် အစုံလိုက်ပါသော ပိုက်ခေါင်းအသစ်များမှာ အသုံးပြုဖို့အတွက် ဖြစ်ပြီး
အစုံလိုက်ပါသည့် ပိုက်ခေါင်းအဟောင်းများကို ပြန်လည်အသုံးမပြုသင့်ပါ။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 2 2024-06-25 2:33:09
Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.
Productinformatie
Merk | Samsung |
Model | WD25DB8995 |
Categorie | Wasmachine |
Taal | Nederlands |
Grootte | 5829 MB |