Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 41 van 64
အဝတ်လျှော်စက်
အခြေခံကျသော အသုံးပြုသူ လက်စွဲစာအုပ်
အဝတ်လျှော်စက် တပ်ဆင်ခြင်းနှင့် သန့်ရှင်းရေးအကြောင်း အသေးစိတ် ညွှန်ကြားချက်များကို သိရှိရန်
Samsung ဝဘ်ဆိုက် (http://www.samsung.com) ကို ဝင်ကြည့်ပါ၊ ပံ့ပိုးကူညီမှု > ပံ့ပိုးကူညီမှု ပင်မသို့
သွားပြီး မော်ဒယ်အမည်ကို ရိုက်ထည့်ပါ။
QR ကုဒ် စကန်နာအက်ပ်ကို ဖွင့်၍ စက်ပစ္စည်းနှင့်အတူ ပူးတွဲပါဝင်သည့် QR ကုဒ်ပုံကို စကန်ဖတ်ပါ။
SmartThings ချိတ်ဆက်မှုမှတစ်ဆင့် ‘စက်ပစ္စည်း မှတ်ပုံတင်ခြင်း’၊ ‘လက်စွဲစာအုပ်’ နှင့် ‘သုံးစွဲသူဆိုင်ရာ
ပံ့ပိုးကူညီမှု’ ကို ဝင်ကြည့်နိုင်ပါသည်။
သင့်အနေဖြင့် ‘ဆက်တင် ( ) > ပံ့ပိုးကူညီမှု > အသုံးပြုသူ လက်စွဲစာအုပ်’ ကို နှိပ်ခြင်းဖြင့်
သင့်စက်နှင့်ဆိုင်သည့် အသုံးပြုသူ လက်စွဲစာအုပ်ကို စစ်ဆေးကြည့်နိုင်ပါသည်။
မော်ဒယ်အမည်များနှင့် စက်ပစ္စည်း အသေးစိတ်အချက်များအတွက် စက်ပစ္စည်းအနောက်ဘက်တွင်
ပူးတွဲပါရှိသည့် အမှတ်တံဆိပ်ကို ကြည့်ပါ။
ဘေးကင်းလုံခြုံရေး အချက်အလက်များ
သင်၏ Samsung အဝတ်လျှော်စက် အသစ်အတွက် ဂုဏ်ယူပါတယ်။ ဤလက်စွဲစာအုပ်တွင် စက်တပ်ဆင်ခြင်း၊ အသုံးပြုခြင်း၊
ထိန်းသိမ်းခြင်းနှင့်ပတ်သက်သည့် အရေးကြီးသော အချက်အလက်များ ပါဝင်ပါသည်။ သင့်အဝတ်လျှော်စက်အသစ်တွင်
ပါရှိသည့် အင်္ဂါရပ်များနှင့် လုပ်ဆောင်ချက်များကို ဘေးကင်းကင်းနှင့် ထိထိရောက်ရောက် လုပ်ဆောင်နည်းကို သိရှိရန်
အဝတ်လျှော်စက်အား မသုံးမီ ဤလက်စွဲစာအုပ်ကို နှံ့နှံ့စပ်စပ် ဖတ်ရှုပါ။
အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာ အမှတ်အသားများ
ဤသုံးစွဲသူလက်စွဲစာအုပ်ရှိ အိုင်ကွန်များနှင့် သင်္ကေတများ၏ ဆိုလိုရင်းများ-
သတိပေးချက်
ကိုယ်တိုင် အပြင်းအထန် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း နှင့်/သို့မဟုတ် မိမိပိုင်ဆိုင်သည့်ပစ္စည်း ထိခိုက်ပျက်စီးခြင်းတို့
ဖြစ်စေနိုင်မည့် ဘေးအန္တရာယ်များ သို့မဟုတ် ဘေးကင်းလုံခြုံမှုမရှိသော လုပ်ဆောင်ချက်များ။
သတိ
ကိုယ်တိုင် ထိခိုက်ဒဏ်ရာရခြင်း နှင့်/သို့မဟုတ် မိမိပိုင်ဆိုင်သည့်ပစ္စည်း ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်စေနိုင်မည့်
ဘေးအန္တရာယ်များ သို့မဟုတ် ဘေးကင်းလုံခြုံမှုမရှိသော လုပ်ဆောင်ချက်များ။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 1 2024-06-25  2:33:09

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB