Samsung WD25DB8995 handleiding

64 pagina's
PDF beschikbaar

Handleiding

Je bekijkt pagina 51 van 64
မြန်မာ 11
ခဲနေသော ဆပ်ပြာမှုန့်ကို မသုံးပါနှင့်။
ယင်းသည် အဝတ်လျှော်ခြောက်စက်အတွင်းတွင် စုပုံနေပါက ရေစိမ့်ခြင်းကို ဖြစ်စေနိုင်ပါသည်။
အဝတ်အထည်များအားလုံး၏ အိတ်ကပ်များ အလွတ်ဖြစ်နေကြောင်း သေချာပါစေ။
အကြွေစေ့များ၊ အပ်ချိတ်များ၊ သံများ၊ ဝက်အူများ (သို့မဟုတ်) ကျောက်ခဲများကဲ့သို့ မာကျော၊ ချွန်ထက်သော
အရာဝတ္ထုများသည် အဝတ်လျှော်စက်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်သည်။
ခါးပတ်အကြီးကြီးများ၊ ကြယ်သီးများ သို့မဟုတ် အခြားလေးလံသောသတ္တုပစ္စည်းများပါသည့် အဝတ်များကို မလျှော်ပါနှင့်
သို့ မဟုတ် အခြောက်မခံပါနှင့်။
အရောင်ကျွတ်၊ မကျွတ်အပေါ် မူတည်ပြီး အဝတ်ကို အရောင်အလိုက် ခွဲကာ အကြံပြုထားသည့် လုပ်ငန်းစဉ်၊ ရေအပူချိန်နှင့်
ထပ်ဆောင်း လုပ်ဆောင်ချက်များကို ရွေးချယ်ပါ။
ယင်းသည် အရောင်ကျွတ်ခြင်း သို့မဟုတ် အထည်များ ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါသည်။
တံခါးပိတ်သောအခါတွင် ကလေးများ၏ လက်ချောင်းများ မညပ်မိစေရန် ဂရုစိုက်ပါ။
ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက ထိခိုက်ဒဏ်ရာရနိုင်ပါသည်။
အဝတ်ထည့်စည်ပိုင်း ခြောက်သွေ့ သွားစေရန်အတွက် အခြောက်ခံစက်ဝန်း လှည့်ပြီးသွားသည့်နောက်တွင်
အနံ့ အသက်များနှင့် မှိုများရန်မှကာကွယ်ရန် တံခါးကိုဖွင့်လျက်ထားခဲ့ပါ။
အဝတ်လျှော်ခြောက်စက်ထဲတွင် အဝတ်လျှော်၍ အခြောက်ခံပြီးသွားသည့်နောက်တွင် ထုံးကျောက်များဖြစ်ပေါ်ခြင်းမှ
ကြိုတင်ကာကွယ်ရန်အတွက် ဆပ်ပြာမှုန့်ထည့်သည့်အံကို ဖွင့်လျက်ထားခဲ့ပါ။
ရေမြှုပ်ရာဘာ (ရာဘာစေး) သို့မဟုတ် အလားတူ ရာဘာအသားများပါသည့် အထည်များကို အခြောက်မခံပါနှင့်။
ရေမြှပ်ရာဘာ ပူလာပါက၊ မီးစွဲသွားနိုင်ပါသည်။
အကယ်၍ လိုအပ်ပါက အခြောက်ခံစက်ဝန်း လည်ပတ်နေစဉ်အတွင်း ပြတ်ထွက်သွားနိုင်သည့် အဝတ်ခါးပတ်ကြိုးများ၊
အေပရွန်ကြိုးများနှင့် ဝါယာကြိုးငယ်ပါသောဘရာများကဲ့သို့သော ပေါ့ပါးသေးငယ်သည့် အဝတ်အထည်များအတွက်
အထည်ပိုက်ကွန်ကို အသုံးပြုပါ။
အခြောက်ခံစက်အခင်းများသည် ဤမော်ဒယ်နှင့် တွဲဖက်သုံးနိုင်ပြီး၊ ပိုမိုကောင်းမွန်သော အခြောက်ခံခြင်း
စွမ်းဆောင်ရည်အတွက် အကြံပြုထောက်ခံထားပါသည်။
အခြောက်ခံစက်အခင်းများသည် အခြောက်ခံသည့်အစီအစဉ်အတွင်း အငြိမ်လျှပ်စစ်ထွက်ရှိမှုကို လျှော့ချပေးရာတွင်လည်း
အကျိုးရှိစေပါသည်။ မစီးသောလျှပ်စစ်ဓာတ်သည် အဝတ်အထည်များနှင့် စက်ပစ္စည်း ထိခိုက်ပျက်စီးခြင်းထံ
ဦးတည်စေနိုင်ပါသည်။
အဝတ်လျှော်ခြောက်စက်ကို ဂျုံမှုန့် ၊ ကျောက်မီးသွေးမှုန့် စသည့် အန္တရာယ်ရှိသောအမှုန့်များအနီးတွင် အသုံးမပြုပါနှင့်။
၎င်းက လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း၊ မီးလောင်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်း ဖြစ်စေနိုင်ပါသည်။
အခြောက်ခံနေစဉ်အတွင်း သို့မဟုတ် အခြောက်ခံပြီးပြီးချင်း စက်၏အနောက်ဘက်ကို မထိကိုင်ပါနှင့်။
စက်သည် ပူနေဆဲဖြစ်ကာ အပူလောင်သွားနိုင်ပါသည်။
DC68-04355S-00_IB_T-PJT_WD8000D_MY.indd 11 2024-06-25  2:33:10

Bekijk gratis de handleiding van Samsung WD25DB8995, stel vragen en lees de antwoorden op veelvoorkomende problemen, of gebruik onze assistent om sneller informatie in de handleiding te vinden of uitleg te krijgen over specifieke functies.

Productinformatie

MerkSamsung
ModelWD25DB8995
CategorieWasmachine
TaalNederlands
Grootte5829 MB